တာယာတွေကို ဘယ်လိုထိန်းသိမ်းမလဲ?

တာယာတွေကို ဘယ်လိုထိန်းသိမ်းမလဲ?
March 29, 2022

ကျစ်ကျစ်တောက် ပူနေတဲ့ လမ်းမကြီးက တာယာတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အပူ နဲ့ တာယာ ဆိုတာ တကယ့် ရန်သူတွေလို့ ပြောရင်လည်း မမှားပါဘူး။ အပူလွန်ကဲတဲ့ တာယာဟာ ဘယ်လိုဖြစ်လာနိုင်သလဲ။ ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ကြည့်ကြည့်လိုက်ရအောင်။

၁။ ဆိုးရွားသော ပွန်းတိုက်ခြင်းများ ဖြစ်ပေါ်လာခြင်း

ပုံမှန်အားဖြင့် ကားမောင်းနေချိန် ကားတာယာနဲ့ ကတ္တရာမြေပြင်ဟာ သင့်တော်တဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် နွေရာသီအပူပြင်းချိန်ဆို တာယာရော မြေပြင်ရော အပူချင်း ပွန်းတိုက်ပြီးတာယာပျက်စီးခြင်းများ ပိုဖြစ်နိုင်ပါတယ်။

၂။ တာယာ လေပေါင်များခြင်း၊ တာယာတုန်ခါခြင်း

အားလုံးနားလည်လွယ်အောင် ပြောရမယ်ဆိုရင် တာယာအတွင်းမှာ ဓာတုပစ္စည်းများနဲ့ ဖွဲ့စည်းထားတဲ့ လေဖိအားရှိပါတယ်။ တာယာ အပူလွန်ကဲတဲ့အခါမှာ အတွင်းမှာရှိတဲ့ လေဖိအားများ ပျက်စီးလာပြီး လေပေါင်များတာမျိုး၊ တာယာတုန်ခါခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၃။ တာယာသားများ ပျက်စီးခြင်း

အားလုံးသိတဲ့အတိုင်း တာယာဟာ ရာဘာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အပူဟာ ရာဘာကို ပျက်စီးစေပါတယ်။ ဒီလိုကနေ တာယာပန်းစားတာ၊ တာယာ ကွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တာယာအပူလွန်ကဲနေတာကို ဘယ်လိုသိနိုင်မလဲ။

  • ကိုယ်တိုင်ထိကိုင်ကြည့်ပြီး အပူကိုသိရှိခြင်း
  • တာယာလေပေါင် အလွန်များနေခြင်း
  • တာယာလေပေါင်စနစ်မှ အချက်ပေးခြင်း စသည်တို့ကနေ သိရှိနိုင်ပါတယ်။

အပူမလွန်ကဲအောင် ဘယ်လိုကာကွယ်မလဲ။

  • တာယာလေဖိအားကို အမြဲစစ်ကြည့်ပြီး သင့်တင့်တဲ့ပမာဏရှိနေအောင် ထားပါ။
  • ၂ နာရီကြာမောင်းပြီးတိုင်း (သို့မဟုတ်) 160 km ပြည့်ပြီးတိုင်း တာယာလေပေါင်ကို စစ်ဆေးပါ။
  • အရမ်းပူနေပါက တာယာအတွင်းထဲမှလေကို ထုတ်ပြီး အေးအောင် ပြုလုပ်နိုင်ပါတယ်။
  • Speed ကို ထိန်းပါ။ Speed အရမ်းများလေ၊ တာယာနဲ့မြေပြင် ပွန်းတိုက်မှုပိုများလေဖြစ်ပြီး တာယာအပူလွန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • သန့်ရှင်းဆေးကြောပေးပါ။
  • ဝန်ချိန်ကို ဂရုစိုက်ပါ။ တာယာခံနိုင်ရည်အားထက် ပိုတဲ့ဝန်ကို တင်မိရင် တာယာလေကွဲထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဒီနွေရာသီမှာ တာယာအပူမလွန်အောင် ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲဆိုတာကို အတော်အတန်သိပြီလို့ ထင်ပါတယ်။

အရည်အသွေးမြင့် SAMSON တာယာ ကလည်း အားလုံးသိတဲ့အတိုင်း ဝိတ်တင်ခံတဲ့အပြင် အပူဒဏ်ကို အံတုခံနိုင်တဲ့ ပန်းနှစ်ထပ်ဒီဇိုင်းနဲ့ တာယာတွေကလည်း အမျိုးအစားအစုံအလင် ရှိလို့နေပါတယ်။ တာယာအမျိုးအစားအစုံကို ကြည့်ရှုလိုတယ်ဆိုရင်တော့ ကတ်တလောက်ယူပြီး စိတ်ကြိုက်ကြည့်ရှုနိုင်ပါပြီ။